Thursday, June 14, 2012

အင်တာနက် သုံးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုး ၁၀ ချက်


အင်တာနက်သုံးခြင်း၏ ကောင်းတယ် (၁၀) ချက်

1. Typping မြန်လာခြင်းနှင့် သူငယ်ချင်း များတိုးလာခြင်း
2. နည်းပညာခေတ်ရေစီးကြောင်းထဲမှာ ဘာပဲလိုလို အင်တာနက် တွင်ရနိုင်ခြင်း
3. အသက် (၄၀) ကျော်လို့ ရည်းစားမရဘူးလား စိတ်မညစ်နဲ့ ရည်းစားရစေရမယ်ကံကောင်းရင် လီယောင်ဂျေး တောင်ရနိုင်တယ် အဲ ….. ကံမကောင်းရင်တော့ထမိန်ပေါင်ပြီး အင်တာနက်သုံးရကိန်း ရှိသည်။
4. အဓိက ကောင်းကျိုးကတော့ အပြင်မှာ လမ်းတွေ့ရင်တောင် နှုတ်မဆက်ကြတဲ့ သူတောင်အင်တာနက်ထဲရောက်လာရင် ဟိုင်း … နေကန်းလား … ချားပြီးပြီလားလို့ကြင်နာစိတ်ရှိလာခြင်း
5. တပြိုင်နက် ရည်းစား 5 ယောက်ထက်မနည်း ထားလို့ရခြင်း ကြောင့် ပန်းခြံ ၊ရုပ်ရှင်ရုံ ၊ Coffee shop တို့အားသွားရာတွင် ကုန်ကျမည့်
ပိုက်ဆံချွေတာနိုင်ခြင်း
6. ဘာ ………. ဟိုမင်းသမီး ….. ဟိုမင်းသား အမလေးလေး လာမပြောနဲ့ အင်တာနက်ထဲမှာရောက်နေပြီ အဲလို မြန်တာ
7. ရည်းစားစာကို ဘလောခ်တင်ပြီး ခံစားရတာကို ချစ်သူ သနားလာအောင် ရေပြနိုင်ခြင်း
(J-me ပြောသလို အင်္ဂလန်က ဘုရင်မကြီးတောင် ကြွေသွားမယ် )
8. ကိုယ့်ကိုကိုယ် ရုပ်ဆိုးလို့ အားငယ်နေလား အားမငယ်နဲ့ အင်တာနက်မှာဒါတွေမလိုဘူး
9. စိတ်ပြေလက်ပျောက် ဓာတ်ရှင် ကြည့်မလား ၊ သီချင်းနားထောင်မလား ၊ ဟာသ ဖက်မလားရတယ် ဘာပဲလိုလို အင်တာနက်မှာရှိနေခြင်း
10. အင်တာနက်ကြောင့် မိန်းကလေးများဟိုပေါ် ဒီပေါ်များ ၀တ်ဆင်မှု နည်းပါးလာခြင်းကဲမကောင်းဘူးလားဗျာ အင်တာနက်ရှိတာ ………………

အင်တာနက်သုံးခြင်း၏ မကောင်းဘူး (၁၀) ချက်

1. မကောင်းတာ တော်တော် လေးကိုမကောင်းတာ ပိုက်ဆံကုန်ခြင်း မျက်စိများမှုန်ဝါးလာခြင်း
2. မြင်မကောင်းရှူ့မကောင်းသော ပုံများရှိခြင်း ( ရှင် ကျွန်မနဲ့ အဆက်ပျက်ရင်ကျွန်မနဲ့ ရိုက်ထားတဲ့ ပုံတွေကို ဖြတ်ညှက်ကပ်လုပ်ပြီး အင်တာနက်ပေါ်မတင်နဲ့နော် )
3. ကိုယ်ကသာ ကမ္ဘာကြီးကို အင်တာနက်ကနေ ထိုင်ကြည့်နေတာ ကိုယ့်အိမ် မီးထဲပါသွားတာမသိနိုင်ခြင်း
4. အပြင်မှာလို ဘာမှလဲ လုပ်လို့မရနိုင်ခြင်း (ဟီဟိ …. ဘာမှဆိုတာ ဘာမှကိုပြောတာ)
5. ချစ်သူတွေ တစ်ယောက်ကို တစ်ယောက် မုန့်ခွင့်ကျွေးလို့မရခြင်း ၊ ရုပ်ရှင်အတူထိုင်ကြည့်လို့မရခြင်း ၊ ဘာဆိုဘာမှကို လုပ်လို့မရခြင်း ..။ (လာပြန်ပြီ …ဘာဆိုဘာမှ )
6. အင်တာနက်သုံးခြင်းသည် အနှိပ်သည်ဘ၀ကို ရောက်မှန်းမသိရောက် နေခြင်း (အချို့ဆို လက်ထိပ်ကလေးတွေ အသမာတောင် တည်နေကြပြီ )
7. အင်တာနက်ကို တနေ့ 2နာရီပဲသုံးဦး လူ့ဘ၀တစ်လျှောက် ငါးပုံ ပုံရင် တစ်ပုံကိုကုန်ဆုံးစေခြင်း အိပ်ချိန်က လူ့ဘ၀ တစ်ဝက် အမလေးလေး မတွေးရဲစရာကြီး
8. အင်တာနက်သုံးခြင်းဟာ အရေမရ အဖက်မရ စကားများဖြင့် အချိန်ကုန်စေခြင်း
9. လိမ်လည် ဖြားရောင်း အတုရောင် သတင်းများ စွာရှိခြင်း
10. အင်တာနက်သည် တကယ်တော့ တနေ့ကို ဘုရားမကြိုက်တဲ့ အလုပ် အများဆုံးလုပ်တဲ့နေရာပဲ ဖြစ်ပါသည် …..။
 
ဒါတွေက အပျော်သက်သက်သာ ဖြစ်ပါသည် .. မည်သူ ၊ မည်ဝါ ကိုမှ မရည်ညွှန်းပါကျွန်တော်ကိုယ်တိုင်ကိုက အင်တာနက်သုံးနေခြင်း ဖြစ်ပါသည် …။

Wednesday, June 13, 2012

ချစ်သူကိုဘယ်အချိန်မှာဖုန်းဆက်တတ်သလဲ?

၁။အိပ်ယာနိုးနိုးချင်း ဖုန်းဆက်တတ်သူ
၂။လမ်းမပေါ်မှာ ဖုန်းဆက်တတ်သူ
၃။အလုပ်ချိန်မျာ ဖုန်းဆက်တတ်သူ
၎။အိပ်ယာမဝင်ခင်မှာ ဖုန်းဆက်တတ်သူ
၅။ဆက်ချင်တဲ့အချိန်မှာ ဖုန်းဆက်တတ်သူ

အခုပြောခဲ့ တဲ့ အမျိုးအစား(၅)မျိုး ထဲမှာ…သင်က ဘယ် အချက်နဲ့ ကိုက်ညီသလဲ ဆိုတာ…….

၁။အိပ်ယာနိုးနိုးချင်းဖုန်းဆက်တတ်သူ

အချစ်နဲ့ပတ်သက်လာရင် သင်ဟာ အရမ်းလှုပ်ရှားတတ်သူဖြစ်တယ်။သင်ဟာအခွင့်ကောင်းနဲ့ကြုံရင်လက်မလွတ်တတ်သူဖြစ်တယ်။
အချစ်စစ်သူရဲကောင်းအမျိုးအစားဖြစ်တယ်။အချစ်အတွက်ပျော်ပျော်ကြီးစွန့်လွှတ်အနစ်နာခံရဲသူဖြစ်တယ်။
ချစ်သူဆီကဘာမှမမျှော်ကိုးပဲပေးဆပ်သူ ချစ်သူကျေနပ်အောင်ကြင်နာသူ ချစ်သူဆီကဘာမှတုံ့ပြန်မှုမရလည်းအပြစ်မတင်ပေးဆပ်တတ်သူ
ဖြစ်တယ်။အချစ်မှာသင်ဟာပျော်နေတတ်ပေမယ့်အကြံတစ်ခုတော့ပေးချင်ပါတယ်။
ချစ်သူအပေါ်ထားတဲ့ သင့်ရဲ့ကြင်နာမှုဟာ….ချစ်သူအတွက် အကျင့်ဖြစ်မသွားစေပါနဲ့။
ချစ်သူဆိုတာနှစ်ဦးနှစ်ဖက် အပေးအယူညီမျှဖို့လိုတယ်။သင့်အတွက် အလိုက်ဖက်ဆုံးသူကလည်း သင့်ကို ကြင်နာတဲ့သူ…
သင့်ကိုတန်ဖိုးထားတဲ့သူပဲ ဖြစ်သင့်ပါတယ်။

၂။လမ်းမပေါ်မှာဖုန်းဆက်တတ်သူ

အချစ်ကြောင့်အရသာမပျက်သူ ၊ ဘဝမှာပျော်ပျော်နေတတ်သူ ဖြစ်ပြီးအချစ်မရှားသူဖြစ်ပါတယ်…။ဘဝရဲ့ထောင့်တစ်နေရာကနေကိုယ့်အတွက်ပျော်ရွှင်မှုကိုရှာတတ်သူဖြစ်ပြီး
နှစ်ဦးနှစ်ဖက်ရဲ့ အပြောအဆိုကို အလွန်ဂရုစိုက်တတ်သူဖြစ်တယ်။
ချစ်သူဘာကိုအလိုရှိသလဲဆိုသင်သိဖို့အတွက် အကြံတစ်ခုပေးချင်ပါတယ်။
သင်ဟာစန်းပွင့်သူဖြစ်ပေမယ့်တစ်ယောက်တည်းကိုပဲ သတ်မှတ် ချစ်တဲ့ အချစ် ကမှသင် နဲ့ အသင့်တော် ဆုံး ဖြစ်တယ်။
ဘာဖြစ်လဲဆိုတော့သင့်ရဲ့စိတ် တစ် စိတ်ထဲနဲ့ လူအများကိုခွဲဝေပေးဖို့မဖြစ်နိုင်လို့ပါပဲ။။

၃။အလုပ်ချိန်မှာဖုန်းဆက်တတ်သူ

သင့် အချစ်ဟာ အချစ်ရိုးကြီးပါ။ရိုမန်တစ် မဆန် သလို နာဝင်ချိုတဲ့စကားကိုလည်းပြောခဲသူ ဖြစ်ပါတယ်။
အချစ်ဆိုတာဘဝရဲ့ တစ်စိတ်တစ်ပိုင်းထင်သူဖြစ်ပါတယ်။ သင့်အတွက် အကြံက အချစ်သစ်ကို စတင်တော့မယ်ဆိုရင်
သူငယ်ချင်း အဆင့်ကနေ စ တင်တာ အကောင်း ဆုံးပါပဲ။ဒါပေမယ့် သူငယ်ချင်း အဆင့်ပဲရှိသေးတယ် ဆိုပြီး….သူငယ်ချင်း အဆင့်နဲ့တော့
မရပ် လိုက် မိဖို့ပဲ လိုပါတယ်။

၎။အိပ်ယာမဝင်ခင် ဖုန်းဆက်တတ်သူ

သင်ဟာ….အချစ်ကို ယုံကြည်ကိုးကွယ် လွန်းတဲံ့သူုဖြစ်တယ်။သင့် ချစ်သူက သင့် အပေါ်နည်းနည်းကောင်းပြီးကြင်နာပြ
လိုက်တာနဲ့ သင်က ဆယ်ဆ လောက် ပြန်ကောင်းသူမျိုး ဖြစ်တယ်။ ချစ်သူအလိုရှိတာကို ပြောလိုက်တယ်နဲ့ အားလုံး
အဆင်ပြေစေရမယ် ဆိုတဲ့ လူမျိုး ဖြစ်တယ်။တစ်ခါတစ်လေ အချစ်ဆိုတာ မမျှတ တဲ့ ကစားနည်းပါ။
ပေးဆပ်မှုနဲ့ရယူမှုက ဘယ်တော့မှ တစ်ထပ်တည်း မကျနိုင်ပါဘူး။ဒါကြောင့် အချစ်နွံထဲ အရမ်းနစ်ဝင်မသွားစေနဲ့။နောက် သင့်မှာ
အချစ်အတွက် တိုင်ပင်ဖော်လေးလို အပ်ပါတယ်။
ဥပမာ—-သင့် သူငယ်ချင်း သို့မဟုတ် သင့်အတွက် အကြံဥာဏ်ကောင်း ပေးနိုင်တဲ့သူကို တိုင် ပင် ကြည့်ပါ။

၅။ဆက်ချင်တဲ့အချိန်ဆက်တတ်သူ

ချစ်သူဆီကနေ ကိုယ်လိုချင်တဲံ အရာကို ရှာဖွေတတ်သူ ဖြစ်တယ်။
ချစ်သူလိုတစ်မျိုး သူငယ်ချင်း လို တစ်မျိုးကူညီစောင့်ရှောက်တတ်သူလည်းဖြစ်တယ်။တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူအပေါ်အချစ်
မပြောင်းလဲသူလည်းဖြစ်တယ်။အကြံ တစ်ခုပေးချင်တာက ချစ်သက်တမ်းကြာလေချစ်သူရဲ့ အပြစ်အနာအဆာ ကို တွေ့မြင်နိုင်ဖို့ခဲယဉ်းလေလေ ဖြစ်တတ်တာကြောင့် ချစ်သူအပေါ် မကျေနပ်တာ အလိုမကျတာတွေရှိ ရင် သိုဝှက်မထားပဲ ချက်ချင်းထုတ်ဖော်ပြောသင့်ပါတယ်။အလိုမကျတာတွေ ရင်မှာပဲသိမ်းဆည်းထားရင် နောက်ဆုံမှာ ဒေါသတွေပေါက်ကွဲ နိုင်ပါတယ်။

ချစ်တဲ့ သူအတိုင်းအဆင်ပြေပါစေ။

Sunday, June 10, 2012

ကိုယ်ချစ်တဲ့သူကို ဒီလိုကြင်နာပေးနိုင်မလား


ဘတ်စ်ကားပေါ်က ခရီးသည်တွေက ဒုတ်ကောက် အဖြူရောင်လေးနဲ့ သတိထားပြီး ကားပေါ်ကို တက်လာတဲ့ ဆူဆန့်ကို စာနာ သနားတဲ့ အကြည့်နဲ့ ကြည့်နေကြတယ်… ဆူဆန်ဟာ အသက် ၃၅ နှစ်အရွယ် ရှိပြီး ချောမောလှပ ဆွဲဆောင်မှုကောင်းတဲ့ မိန်းခလေးတစ်ယောက်ပါ..
သူမက ကားမောင်းတဲ့ လူကို ပိုက်ဆံ လှမ်းပေးလိုက်ပြီး သူ့လက်တွေနဲ့ လိုက်စမ်းရင်း
ခုံနေရာလွတ်ကို ရှာဖွေပါတယ်.
လူမရှိတဲ့ ထိုင်ခုံလွတ် တစ်ခုမှာ ထိုင်ချ လိုက်ပြီး
ကိုင်လာတဲ့လက်ဆွဲအိတ်ကို ပေါင်ပေါ် တင်လိုက်ပြီး ဒုတ်ကောက်လေး ကိုတော့ ဘေးနားမှာ ထောင်ထား
လိုက်ပါတယ်..
တကယ်တမ်းတော့ ဆူဆန်ဟာ မျက်စိ မမြင်ရှာသူ တစ်ယောက်ပါ…
လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး မှားယွင်းတဲ့ ဆေးကုသမှုတစ်ခုကြောင့် မျက်စိ ၂ဘက်လုံး ကွယ်သွားတဲ့ ဘ၀ကို
ရောက်သွားခဲ့ရရှာပါတယ်..
အဲဒီချိန်က စလို့ သူ့ဘ၀ဟာ မဲမှောင် အေးခဲနေတဲ့ ကမ္ဘာကြီးထဲကို
ပစ်ချခံလိုက်ရသလို ဖြစ်သွားခဲ့ရပြီး
ဒေါသတွေ၊ ကိုယ့်ဘ၀ကို နာကျည်းမှုတွေ၊မုန်းတီးအားငယ်မှုတွေ၊ ကိုယ့်ကိုယ်ကို ယူကြုံးမရ သနားမိတဲ့စိတ်တွေနဲ့ပူလောင် နေခဲ့ရပါတယ်..
နောက်ဆုံးတော့ သူ့ဘ၀၊ သူ့အနာဂတ် တစ်ခုလုံးကို ယောင်္ကျား ဖြစ်တဲ့ မတ်ခ်
ကိုသာ လုံးလုံး မှီခိုအားကိုးဖို့သာရှိပါတော့တယ်…
မတ်ခ်ဟာ လေတပ် အရာရှိတစ်ယောက် ဖြစ်ပြီး ဆူဆန့်ကိုလဲ အလွန်အမင်း ချစ်ခင်မြတ်နိုးပါတယ်…
ဆူဆန် အမြင် အာရုံ ပျောက်ကွယ်သွားတော့ မတ်ခ် က
ချစ်ဇနီး ဆူဆန့်ကို စိတ်ဓာတ်အင်အား ပြန်လည် ကောင်းမွန် လာအောင်၊
ဆူဆန်အားမငယ်အောင်၊ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် ရပ်တည်လာနိုင်အောင်၊
ဂရုတစိုက်နဲ့ အစွမ်းကုန် ကူညီ ဖေးမ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..
ဆူဆန်ရဲ့ အရင်လုပ်နေကျ အလုပ်ဟောင်းမှာ သူမ ပြန်လည်ကျန်းမာ သန်စွမ်းလာပါက
သူမနဲ့ သင့်လျှော်မဲ့ အလုပ်တစ်ခုခုကို အဆင်သင့်ထားရှိပေးဖို့ သွားရောက်
တောင်းဆို ပေးထားခဲ့ပါတယ်..
မတ်ခ်ရဲ့ ဂရုစိုက် ပြုစုယုယမှုတို့ကြောင့် နောက်တော့ ဆူဆန်ဟာ အလုပ်ပြန်လုပ်ဖို့ အထိ စိတ်ရော
ကိုယ်ပါ ကြံ့ခိုင် လာပါပြီ..
ဒါပေမဲ့ အလုပ်ကို ဘယ်လိုသွားမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ..
အရင်ကတော့ သူမဟာ အလုပ်ကို ဘတ်စ်ကားနဲ့ အမြဲသွားခဲ့ပါတယ်..
ခုချိန်မှာတော့ ဘတ်စ်ကားစီးဖို့ဆိုတာ သူမ တစ်ယောက်တည်း အတွက်တော့ အတော့်ကို
ထိတ်လန့်စိုးရိမ်စရာပါ…
ဒါပေမဲ့ မတ်ခ်က သူ့ရဲ့ အလုပ်ရှိတဲ့ နေရာဟာ ဆူဆန်အလုပ်သွားရမဲ့ နေရာနဲ့
ဆန့်ကျင်ဘက် ဖြစ်နေပေမဲ့
နေ့တိုင်း နေ့တိုင်း ဆူဆန့်အလုပ်ကို ကားမောင်းပြီး လိုက်ပို့ပါတယ်.. ညနေတိုင်းလဲပြန်လာကြိုပါတယ်..
ဆူဆန်က မတ်ခ်ရဲ့ ဂရုစိုက်မှု၊ အကာအကွယ် ပေးမှု၊စောင့်ရှောက် ပေးမှုတွေ အတွက် ကျေနပ်
ဝမ်း မြောက်ခြင်း ပီတိတွေနဲ့ပါ…
နောက် မကြာခင်မှာတော့ မတ်ခ်က ဆူဆန့်ကို ဘတ်စ်ကားနဲ့ဘဲ အလုပ်ကိုသွားဖို့ တိုက်တွန်း ပါတယ်..
မတ်ခ်ရဲ့ စကားကို ကြားတော့ ဆူဆန်က ဒေါသဖြစ်မိတယ်..
သူမက မမြင်မကန်းနဲ့ ဘယ်လိုများ အပြင်ကို တစ်ယောက်တည်းသွားနိုင်မှာတဲ့လဲ…
ဒါကြောင့်လဲ ဆူဆန်က မတ်ခ်ကို ခါးခါးသီးသီးနဲ့ပြင်းထန်စွာ ပြောမိပါတယ်..
“ကျွန်မက အကန်း.. အကန်းတစ်ယောက်က ဘယ်နေရာကို ဘယ်လို သွားရမယ်ဆိုတာဘယ်လိုလုပ်ပြီး
သိနိုင်မှာလဲ..
ရှင်က ကျွန်မကို အခုလို လုပ်ပေးရတာ တာဝန်ယူရတာ ငြီးငွေ့ပြီလား… ကျွန်မ ထင်တယ်.. ရှင် ကျွန်မကိုစွန့်ပစ်ချင်နေပြီ မဟုတ်လား

ဆူဆန့်စကားကို မတ်ခ် ကြားလိုက်ရတော့ စိတ်ထိခိုက် ကြေကွဲမိတယ်.. ဒါပေမဲ့ဘာမှမတုံ့ပြန်ပါဘူး…
သူ့အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ သူသိပြီးသားပါ..
သူက မနက်ခင်းတိုင်း ဆူဆန်နဲ့ အတူတူ ဘတ်စ်ကား လိုက်စီးမဲ့အကြောင်းနဲ့၊
ညနေဆို သူ့ကားနဲ့ ပြန်လာကြိုမဲ့ အကြောင်း ကတိ ပေးပါတယ်..
ပြီးတော့လဲ ဆူဆန် တစ်ယောက်တည်း ဘတ်စ်ကား မစီးနိုင် မချင်း ဘယ်လောက်ကြာကြာ
သူလိုက်ပို့ပါ့မယ် ဆိုတာပါ ဆူဆန့်ကို ကတိပေးပါတယ်..
တကယ်လဲ မတ်ခ်ဟာ သူ့လေတပ် ယူနီဖောင်းဝတ်ပြီး မနက်ခင်းတိုင်း ဆူဆန်နဲ့အတူတူ ဘတ်စ်ကား
လိုက်စီးပေးပါတယ်….
မျက်စိမမြင်ရပေမဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ဘယ်လို အာရုံစူးစိုက်ရမယ် မှတ်သားရမယ် ဆိုတာ ဆူဆန့်ကို သင်ပြပေးပါတယ်..
အထူးသဖြင့် အကြား အာရုံကို အသုံးချတတ်ဖို့ ပြောပြပါတယ်..
အသံကို နားထောင်ပြီး သူမ ဘယ်နေရာကို ရောက်နေပြီ..
ဘယ်လို ပါတ်ဝန်းကျင်မှာ ရှိနေပြီဆိုတာကို မှန်းဆတတ်အောင် ဆုံးဖြတ်တတ်အောင်
ဂရုတစိုက် ရှင်းလင်း ပြောပြပါတယ်..
ဘတ်စ်ကားစီးတဲ့ အခါမှာလည်း မတ်ခ်ဟာ ဆူဆန့်အတွက် ထိုင်စရာနေရာကို ရှာပေးပြီး
လမ်းတစ်လျှောက်လုံး ကားမောင်းသူ အနောက်နားကနေ ဆူဆန့်ကို စောင့်ကြည့်နေပါတယ်..
အဲဒီလိုနဲ့ နောက်ဆုံးတော့ သူမတစ်ယောက်တည်း ဘတ်စ်ကားစစီးဖို့ ဆူဆန် ဆုံးဖြတ်လိုက်ပါတယ်..
တင်္နလာနေ့ မနက်ခင်းရောက်တော့ ဆူဆန်က သူမရဲ့ ယာယီ ဘတ်စ်ကား စီးဖော်၊ သူမရဲ့ ချစ်လှစွာသော ယောင်္ကျား၊သူမရဲ့ အကောင်းဆုံး ၊
အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်တဲ့ မတ်ခ်ကို သိုင်းဖက်လိုက်ပြီး အိမ်မှထွက်ခင်
နုတ်ဆက်စကားကို ပထမဆုံး အနေနဲ့ ပြောလိုက်ပါတယ်..
ဆူဆန့်ရဲ့ မျက်လုံးထဲမှာတော့ သူမအပေါ် ထားတဲ့ မတ်ခ်ရဲ့ သစ္စာရှိခြင်း၊
စိတ်ရှည်သီးခံခြင်း၊
ချစ်ခင်မြတ်နိုးခြင်း တို့ကြောင့် ကျေးဇူးတင် ၀မ်းမြောက်တဲ့ မျက်ရည်တွေနဲ့ ပြည့်လို့…
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး…. နေ့တိုင်းနေ့တိုင်း ဆူဆန်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း
သွားနိုင်ခဲ့တယ်..
ဆူဆန့်ရင်ထဲမှာလည်း ခါးသီးစိတ်၊ ၀မ်းနည်းစိတ်တွေလဲ မဖြစ်မိတော့ဘူး..
သူမ ကိုယ့်အား ကိုယ်ကိုးနိုင်ခဲ့ပြီ.. အလုပ်ကို သူမဖာသာ သွားနိုင်ခဲ့ပြီ…
တင်္နလာနေ့ရဲ့ မနက်ခင်း တစ်ခုမှာ ခါတိုင်းလို ဘတ်စ်ကားစီးပြီး အလုပ်ကို ထွက်လာခဲ့တယ်..
ရုံးနားက သူမ ဆင်းနေကျ နေရာ ရောက်တော့ ကားမောင်းသူ ဦးလေးကြီးကို ပိုက်ဆံ
လှမ်းပေးလိုက်ပြီး
ကားပေါ်က ဆင်းဖို့ပြင်လိုက်ပါတယ်…. အဲဒီခါမှာ ကားမောင်းသူ ဦးလေးကြီးက လှမ်းပြောတယ်…
“သမီးရေ.. မင်းကိုတော့ ဦးလေး အားကျ မိပါရဲ့..”
ဒီစကားကြားတော့ ဆူဆန် သူ့နားသူမယုံနိုင်အောင်ဖြစ်မိတယ်..
သူမကို ပြောတယ်လို့တောင် မထင်မိဘူး..
သူမလို မျက်စိမမြင်တဲ့၊ ဘ၀ကို အဆင်ပြေအောင် မနည်း ကြိုးစား နေထိုင်နေရတဲ့ လူတစ်ယောက်ကို
ဘယ်လို လူကများ အားကျနိုင်မှာပါလိမ့်..
သိလိုစိတ်၊ ထူးဆန်း အံ့သြစိတ်နဲ့ ဆူဆန်က ကားမောင်းသူကို ပြန်မေးမိပါတယ်..
“ဘာကြောင့်များ ကျွန်မကို အားကျတယ်လို့ ပြောရတာလဲရှင်…”
ဦးလေးကြီးက ပြန်ပြောပါတယ်..
“သမီးကို အခုလို အမြဲတမ်း ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်ပေး၊ ပူပန်
စောင့်ကြည့် ပေးမဲ့ လူ တစ်ယောက် ရှိနေတာ၊ တွေ့မြင်နေရတာကို
သဘောကျမိလို့ပါကွယ် “ တဲ့
ဦးလေးကြီးက ဘာသဘောနဲ့ပြောနေတာလဲ ဆိုတာကို ဆူဆန် နားမလည်နိုင်ဖြစ်သွားတယ်..
“ဦးလေး ဘာကိုဆိုလိုတာလဲ..”
“အော် သမီး သတိ မထားမိဘူးလား လွန်ခဲ့တဲ့ တစ်ပတ်လောက် သမီး ကားစစီး ကတည်းက
လေတပ် ယူနီဖောင်း ၀တ်ထားတဲ့ ခန့်ခန့် ညားညား လူတစ်ယောက်က
ဟိုဘက်လမ်းထောင့်မှာ ရပ်ပြီး သမီး ကားပေါ်က ဆင်းတာကို အမြဲတမ်း
စောင့်ကြည့်နေခဲ့တယ်..
သမီး ကားလမ်းဖြတ်ကူးပြီး ရုံးထဲကို ၀င်သွားပြီဆိုတော့မှ နှုတ်ဆက် အနမ်းလေး ပေးပြီး ၊
လက်ပြပြီးမှ အဲဒီ နေရာကနေ ထွက်ခွာ သွားတတ်တယ်..
ကဲ ကိုယ့်ကို ဒီလောက် ဂရုစိုက်တဲ့လူ၊ ဒီလောက်ချစ်တဲ့သူ မင်းမှာရှိနေတာ မင်းလောက်
ကံကောင်းတဲ့သူ ရှိဦးမလားကွယ်..”
ဒီစကားတွေ ကြားရတယ်ဆိုရင်ဘဲ ပျော်ရွှင်ကြည်နူးခြင်းကြောင့်ကျတဲ့မျက်ရည်တွေ ဆူဆန့်ပါးပြင်ပေါ် စီးကျလာခဲ့ပါတယ်..
သူမဟာ တကယ်တမ်းတော့ အပြင်မှာ မတ်ခ်ကို မမြင်နိုင်ပေမဲ့ သူမရဲ့ဘေးမှာ
မတ်ခ်ဟာ အမြဲတမ်း ရှိနေတယ်ဆိုတာ ခံစားနားလည် နိုင်ခဲ့ရပါပြီ..
သူမ ကံကောင်းပါတယ်.. အရမ်းကို ကံကောင်းတယ်လို့ ယုံကြည်မိပါတယ်..
မတ်ခ်ဟာ သူမကို အမြင် အာရုံထက်ပိုပြီး တန်ဖိုးရှိ အစွမ်းထက်တဲ့ အချစ်ရဲ့လက်ဆောင်လေး
တစ်ခုပေးခဲ့တာပါ…
အဲဒီအချစ်ရဲ့ လက်ဆောင်ဆိုတာကို ယုံကြည် လက်ခံဖို့အတွက် သူမ
မမြင်နိုင်ပေမဲ့လဲ သိလိုက်နိုင်ပါပြီ..
ခံစားလို့ရပါပြီ.. ခုတော့လဲ သူမရဲ့ မဲမှောင် ပိန်းပိတ် နေတဲ့ကမ္ဘာထဲကို မတ်ခ် ပေးတဲ့ အချစ်လက်ဆောင်ရဲ့
ထူးခြားတဲ့
လင်းလက်မှုတွေနဲ့ ထွန်းလင်း တောက်ပလို့ နေခဲ့ပါပြီ..

———————————————————————————————————


အချစ်ဆိုတာဟာ ဘ၀အတွက် ခွန်အားတစ်မျိုးပါ..
တစ်ချို့က အချစ်ကြောင့် လမ်းပျောက်ကြတယ်.. အချို့က အချစ်ရဲ့ တွန်းအားကြောင့် ဘ၀မှာ တိုးတက်အောင်မြင်သွားကြတယ်..
အချစ်ကြောင့် ဘ၀ကြီးဟာ ပျော်ရွှင်စရာတွေနဲ့ နူးညံ့လှပ လာကြတယ်…
ကျွန်တော်တို့တွေဟာလည်း ကိုယ်ချစ်နေတဲ့သူကို စိတ်ချမ်းသာပျော်ရွှင်အောင်
လုပ်ပေးတတ်တဲ့ ချစ်သူကောင်းတွေ ဖြစ်ကြဖို့ လိုပါတယ်.
သူစိတ်ဆင်းရဲ အားငယ်နေချိန်မှာ နှစ်သိမ့်ဖေးမပေးတဲ့သူ ၊လမ်းပျောက်နေချိန်မှာ
လမ်းပြပေးနိုင်မဲ့သူ၊ မှီခိုရာ
ကင်းမဲ့နေတဲ့အချိန်မှာ အားကိုး အားထားစရာ ဖြစ်သင့်ကြပါတယ်…
ကိုယ်တိုင်က အချစ်ကို တန်ဖိုးထားတတ်ပြီး ကိုယ့်ချစ်သူအပေါ်မှာ လေးလေး
နက်နက်မေတ္တာစစ်နဲ့ချစ်တဲ့ စိတ်ထားလေးရှိခဲ့ရင်
တူညီသောတုံ့ပြန်မှုနဲ့သင်ကိုယ်တိုင်လည်း ပျော်ရွှင် ၀မ်း မြောက်ခွင့် ရမှာပါ… .


ချစ်သူနှင်းဆီ


နှင်းဆီ ၁ပွင့်….. ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်….. ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်….. မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်….. သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်….. တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်….. တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်….. မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်….. မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်….. အမြဲတမ်း
နှင်းဆီ ၁၀ပွင့်…… အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်…… မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်…… တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်…… သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်…… ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်…… I’M SORRY!
နှင်းဆီ ၁၆ပွင့်…… မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်…… ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်…… ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်…… မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်….. ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။
နှင်းဆီ ၂၁ပွင့်….. ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်….. မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်….. မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်….. ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်….. ရိုမန်တစ်
နှင်းဆီအပွင့် ၅၀….. မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉….. FOREVER!
နှင်းဆီအပွင့် ၁၀၀….. ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁….. အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈….. လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁….. အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄….. နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅….. နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉….. မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁…… သက်ဆုံးထိတိုင်


နှင်းဆီနဲ့ အချစ် အကြောင်း
အရောင်အသွေး အဓိပ္ပါယ်

နှင်းဆီနီ — မင်းကိုကိုယ်ချစ်တယ် …….
နှင်းဆီပန်းရောင် — ပြီးပြည့်စုံသော ပျော်ရွှင်မှု ၊ အပြုံးတောက်ပမှု ၊ ကိုယ့်ကိုယုံကြည်ပါ …….
နှင်းဆီဖြူ — ထာဝရအချစ် ၊ဖြူစင်မှု ။သန့ရှင်းမှု ၊လျှို့ဝှက်မှု ၊တိတ်ဆိတ်ခြင်း ………..
နှင်းဆီဝါ — ခင်မင်မှု ၊မနာလိုမှု ၊ကိုယ်ဟာမထိုက်တန်သူပါ ……..
နှင်းဆီနက် — မင်းကိုစွဲလန်းမိနေတယ် …………
နှင်းဆီလိမ်မော် — မင်းဟာကိုယ့်ရဲ့တိတ်တခိုးချစ်သူပါ …………..
နှင်းဆီအဖြူ နှင့် အနီရောင် — ကိုယ်တို့ဟာခွဲခြားလို့မရဘူး ၊ အတူတကွ ……..
နှင်းဆီဆူးမဲ့ — မြင်မြင်ချင်း အချစ် …………
နှင်းဆီဖူး — လှပနုပျိုခြင်း ၊အချစ်ကြောင့်အပြစ်ကင်းသောနှလုံးသား ………
နှင်းဆီဖူးအနီ — ရှင်းသန့်ခြင်း ၊နှစ်လိုဖွယ်ကောင်းခြင်း ……….
နှင်းဆီဖူးအဖြူ — မိန်းမသားအဖြစ် ……….

အရေအတွက် အဓိပ္ပါယ်

ပွင့်အာနေသောနှင်းဆီနီတစ်ပွင့် — မင်းကိုကိုယ်ချစ်တယ် ၊မင်းကိုကိုယ်ချစ်နေတုန်းပဲ ………
ပွင့်အာနေသောနှင်းဆီပန်းစည်း — ကျေးဇူး ……….
နှင်းဆီတစ်ပွင့် ဘယ်အရောင်မဆို — ကျေးဇူး ၊ရိုးရှင်းခြင်း …………..
နှင်းဆီနှစ်ပွင့် — အပြန်အလှန်ခံစားမှု ………..
သုံးပွင့် — မင်းကိုကိုယ်ချစ်တယ် …..
ခုနှစ်ပွင့် — အရူးအမူးစွဲလန်းနေပြီ
ကိုးပွင့် — ထာဝရအမြဲအတူရှိနေမယ်
ဆယ့်ပွင့် — မင်းဟာပြီးပြည့်စုံသူတစ်ယောက်ပါ
ဆယ်တစ်ပွင့် — မင်းဟာကိုယ့်အတွက်အဖိုးတန်ရတနာတစ်ပါးပါ
ဆယ့်နှစ်ပွင့် — ပိုင်ဆိုင်ပါရစေ
ဆယ့်သုံးပွင့် — ထာဝရသူငယ်ချင်း
ဆယ့်ငါးပွင့် — တကယ်တောင်းပန်ပါတယ်
နှစ်ဆယ်ပွင့် — ကိုယ်ဟာမင်းအပေါ်တကယ်ရိုးသားခဲ့ပါတယ်
နှစ်ဆယ့်တစ်ပွင့် — မင်းအတွက်ရည်ညွှန်းပြီးပေးတာပါ
နှစ်ဆယ့်လေးပွင့် — မင်းအတွက်ထာဝရ
နှစ်ဆယ့်ငါးပွင့် — ဂုဏ်ယူပါတယ်
အပွင့်ငါးဆယ် —ြွခင်းချက်မရှိသောအချစ်
ကိုးဆယ့်ကိုးပွင့် — ဘ၀တလျှောက်လုံးချစ်နေမှာပါ
တစ်ရာ့ရှစ်ပွင့် — ကိုယ့်ကိုလက်ထက်နိုင်မလား
ကိုးရာကိုးဆယ့်ကိုးပွင့် — နောက်ဆုံးအချိန်ထိ မင်းကိုချစ်နေမယ်
စာအုပ်ထဲ ကတွေ့လို့ ကောင်လေးတွေ ရောကောင်မလေး တွေရော မှတ်ထားသင့်ပါတယ်…..
နှင်းဆီပန်းဟာ အချစ်ရဲ့သင်္ကေတဆိုတာ အားလုံးသိပြီးဖြစ်မှာပါ…..နှင်းဆီပန်းမှာအရောင်အမျိုးမျိုးနဲ့ အဓိပ္ပါယ်အမျိုးမျိုး ကို
အသေးစိတ်ခွဲခြားထားပါတယ်…. ကိုယ်ချစ်တဲ့သူကိုနှင်းဆီပန်းပေးမယ် ဆိုရင်အဓိပ္ပါယ်ခွဲခြားသိမှဖြစ်မယ်…….မဟုတ်ရင်
ကိုယ်ကချစ်ခြင်း မေတ္တာအပြည့်နဲ့ပေးပါလျှက် ………..
ကိုယ်ပေးလိုက်တဲ့ပန်းအရောင်နဲ့အရေအတွက်အရအဓိပ္ပါယ်တစ်မျိုးထွက်သွားနိုင်ပါတယ်
အဲဒါကြောင့်…….ဒါလေးကိုဖတ်ပြီး ကိုယ်ချစ်တဲ့သူတွေကို အဓိပ္ပါယ်အပြည့်နဲ့ပန်းတွေကိုပေးလိုက်ပါ………

Friday, June 8, 2012

♥♥ခွင့်လွှတ်ခြင်းဆိုတာ♥♥



ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေ့တယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်… 
 

Disappointment– ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ…

Rejection– ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကို လေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…

Abandonment– စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…

Ridicule– လှောင်တာ၊ ပြောင်တာ၊ သရော်တာ…

Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…

Betrayal– သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…

Deception– လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ…

Physical Abuse– ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…

Emotional Abuseဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံးတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…
ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကို ကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးဟာ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။
ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…

ဆရာတော်ဦးဇောတိက
http://www.sainoomkhay.tk/ မှကူးယူဖော်ပြပါသည်။

 

Thursday, June 7, 2012



အရေးမပေးအပ်သည့်မိန်းမများ……

ကော်ပီအော်ဟစ်.. Rock မှ ချစ်တဲ့မိန်းမ..
တေးစပ်သီကုံး ..Rap ဆိုမုန်းတဲ့ မိန်းမ..
ပိန်ညောင်ရွဲ့စောင်း ..Punk မှကောင်းတယ်ဆိုတဲ့ မိန်းမ..
ငြီးတွား ဆိုငို.. Pop ချိုချိုမှ နားဆင်လိုတဲ့မိန်းမ ..
ပလိစိချောက်ချက်..မျက်တွင်းနက်တဲ့ မိန်းမ..
ပါးစပ်ကရှဲထွက်.. တံတွေးစက်လက်နဲ့ မိန်းမ..
အသားလည်းမည်း ..မျက်ခုံးဆွဲတတ်တဲ့မိန်းမ..
ခေါင်းက ရှုပ်ပွ.. သန်းတရွရွနဲ့  မိန်းမ..
စကားကပ်ဖဲ့ ..နှာသံထွက်တဲ့ မိန်းမ..
ပစ္စည်းဂုဏ်မောက်..နှာရောင်ကောက်တဲ့မိန်းမ..
လူက၀က်ပုတ် ..ခြေသလုံးတုတ်တုတ်နဲ့မိန်းမ..
မျက်ပေါက်ကျဉ်းကျဉ်း ..အမြင်မရှင်းတဲ့ မိန်းမ..
ခြေလက်သသ ..သချီး(သွားဂျေး) ဗရပွနဲ့မိန်းမ
အားနေငိုညဉ်း ..အချစ်ကြီးတတ်တဲ့မိန်းမ..
မျှော်ကာနေတုန်း..ဟိုအရင်အချစ်ဆုံး အကြောင်းပြောတတ်တဲ့ မိန်းမ…
လမ်းဘေးဆိုင်ဆို.. မျက်နှာညို တတ်တဲ့မိန်းမ..
စပ်စပ်ပြဲပြဲ..အလကားရ အကုန်စွဲတတ်တဲ့မိန်းမ..
ကောင်းတာရွေးစား.. ဆင်ခြေများတတ်တဲ့ မိန်းမ..
တညင်းသီးစား ..အီးပေါက်များတဲ့မိန်းမ..
ကြက်သွန်ဖြူကြိုက်..kissing ရိုက်တတ်တဲ့မိန်းမ..
စားသောက်ပြီးနောက်..အဲဗားကောက်တတ်တဲ့မိန်းမ (စိတ်ကိုပြောတာ)
လိုင်းကားမတ်တပ် ..အသက်ရှု ကြပ်တတ်တဲ့မိန်းမ..
ပညာလည်းတတ်… ကုတ်စီးကပ်တဲ့မိန်းမ..
ရူပါဖြောင့်ဖြောင့် ..ငြူဆူဆောင့်အောင့်တတ်တဲ့မိန်းမ..
ကျောမှာတက်တူး..ဘီယာ အသေမူးတဲ့ မိန်းမ..
ချစ်သူရှေ့ထား ..ကိုးရီးယားကားအကြောင်းပြောတတ်တဲ့မိန်းမ..
ရည်းစားမျက်ကွယ်…အညှာလွယ်တတ်တဲ့မိန်းမ..
chatting အမြဲထိုင်.. အီစီကလီပိုင်တဲ့ မိန်းမ..
လူတကာနဲ့ပျော်…ကိုယ်နဲ့ရှော်တတ်တဲ့မိန်းမ…
နေ၀င်မီးပိတ်..ဖုန်းပြောရင်းမှ အိပ်တတ်တဲ့ မိန်းမ..
သမီးကိုပေါင်းသင်း..ယောက္ခမရော်နင်းမယ့်မိန်းမ..
လင်ကိုပစ်ထား..မိဘစကားသာ နားထောင်တတ်တဲ့မိန်းမ..
အိပ်ရင်း သေးပါ… စောင်ကွာပက်လက် လူကိုဖက်တတ်တဲ့မိန်းမ
မသိရင် ငြိမ်ကုပ် ..တနေကုန် အတင်းတုပ်တတ်တဲ့မိန်းမ
အလှပြင်ဆိုင်အား..ရက်စေ့သွားတတ်တဲ့မိန်းမ..
ထမင်းမချက်..နှစ်လုံးတွက်တတ်တဲ့မိန်းမ..
နေ့တိုင်းအားယား..ရှော်ပင်းသွားတတ်တဲ့မိန်းမ..
အမေလည်း မချစ်..ကိုယ်စိတ်ညစ်ရမယ့် မိန်းမ..
အိုမင်းရင့်ရော်… ၃၀ ကျော်တဲ့ မိန်းမ..။ ။

အချစ်စစ် အချစ်မှန်သာ၇ှိခဲ့ရင်


အချစ်စစ် အချစ်မှန်သာ၇ှိခဲ့ရင်….အောက်ပါအချက်များကိုရှောင်လိုက်ကြပါ…….

(၁ ) တစ်ဦးနှင့်တစ်ဦး အချစ်၏တန်ဖိုးကိုနားမလည်ခြင်း

(၂)ချစ်သူအပေါ်သူလိုအပ်သောအချစ်ရဲ့နွေးထွေးမှု ဂရုစိုက်မှုများမပေးနိုင်ခြင်း

(၃)တစ်ဦးအပေါ်တစ်ဦးသစ္စာမရှိခြင်း

(၄)မလိုအပ်ဘဲ တစ်ဦးအပေါ်တစ်ဦး သံသယများနေခြင်း (ဧကမုချ လူတိုင်းမှာရှိစမြဲပါ ၊ အလွန်အကြူးမဖြစ်ပါစေနဲ့။)

(၅)နှစ်ဦးသား ပွင့်လင်းမှူမရှိခြင်း (သိချင်သည့်ကိစ္စများရှိလျှင် ပွင့်လင်းစွာဖွင့်ဟ ထုတ်ဖော်ပြီးမိမိသိခြင်သည်ကိုမေးကြားခြင်း)

(၆) တစ်ဦးအပေါ်တစ်ဦး လိမ်ညာကြခြင်း(အသေးအဖွဲကိစ္စက အစ မိမိချစ်သူစိတ်ဆိုးမှာဆိုးလို့ လိမ်ညာခြင်းမျိုး)

(၇)နှစ်ဦးသားနားလည်မှုမပေးခြင်း၊ညှိုနှိုင်း၇ျု မရခြင်း ။
 
(၈)မလိုအပ်သော အသေးဖွဲအရာများကို ပုံကြီးချဲ့ပြီး စိတ်ကောက် စိတ်ဆိုးကြခြင်း ။

(၉)ချစ်သူကို အလွန်အကြူးယုံကြည်ထား၇်ျ လွှတ်ထားခြင်း၊ဂရုမစိုက်ခြင်း။

(၁၀)ချစ်သူအထင်ကြီးအောင် မက်လုံးများပေးပြီးနောက် ဆုံးမှ
အလိမ်အညာများပေါ်သွားခြင်း။(အချစ်စစ်မှာ လိမ်ညာမှုမလိုပါ)။

(၁၁)ချစ်သူက ငွေမက်ပြီး ငွေရှိ၊ဂုဏ်ရှိသော သူနောက်သို့ လိုက်သွားခြင်း။(ချစ်သူနှစ်ဦး ကြိုးစားလုပ်ကိုင်ကြလျှင် ငွေဆိုတာဘာမှ မက်မောစရာမဟုတ်ပါ။သို့ပေမဲ့ အချင်းအချင်း၊ ဇွဲ ၊လုံးလ မရှိသောချစ်သူမျိုးကိုမဆိုလိုပါ။ရွေးချယ်မှုမှန်ပါစေ။)

(၁၂)မိမိ ဘ၀၏နောက်ကြောင်းများကို လိမ်ညာထားခြင်း( သိသွားသော အချိန်တွင် ချစ်လျှက်ပါသော်လည်း ချစ်စကတည်းကဖွင့်မပြောထားသောကြောင့် တစ်ဦးနှင်းတစ်ဦးလမ်းခွဲရခြင်း။)

(၁၃)ဘာသာရေးကြောင့် ချစ်သူနှစ်ဦးချစ်လျှက်နဲ့ လမ်းခွဲရခြင်း။( တစ်ဦးနှင်တစ်ဦး သတ္တိမရှိ၇်ျ လက်တွဲဖြုတ်ရခြင်း၊ မိမိ ယုံကြည်ကိုးကွယ်သော ဘာသာကို လက်ထပ်ပြီးသော်လည်း တသက်လုံးကိုးကွယ်သွားလျှင် အဆင်ပြေပါလိမ့်မည်။သူဘာသာထဲဝင်ပါ ငါ့ဘာသာထဲဝင်ပါဆိုလျှင် ၁၀၀ %ကွဲကွာရပါလိမ့်မည်။)

(၁၄)မိမိ ချစ်သူက အရက်သေစာများသောက်စားကြ၇်ျ မိမိမကြိုက်တာကိုမပြင်နိုင်ခြင်း။

(၁၅)ချစ်သူမသိအောင် online chatting တွေ တက်/ လူတကာနဲ့ Q ကျုခြင်းကြောင့်မိမိချစ်သူသိသွား၇်ျလမ်းခွဲရခြင်း။

(၁၆)ချစ်သူကို စမ်းသပ်ရမည်ဟု သူငယ်ချင်းများကမြှောက်ပေးသောကြေင့် အလွန်အကျူးဖြစ်သွားပြီး စိတ်ကုန်သွားခြင်း။

(၁၇)ဘေးက သွေးထိုးစကား မလိုမုန်းတီးသူ များ၏စကားများကို ယုံမှားမိခြင်း။

(၁၈)ချစ်သူက အချိန်မလေးစားတတ်ခြင်း အရာရာကိုပေါ့ပေါ့ပျက်ပျက်နှင့်လေးလေးနက်နက်မထားခြင်း။
(၁၉)မိမိချစ်သူထက်သာသောသူကို အထင်ကြီးခြင်း။

(၂၀)နိုင်ငံခြားတိုင်းပြည်မှ လူများကိုအထင်ကြီးခြင်း။(ကျောင်းတက် ၊အလုပ်လုပ်နေသောသူများ)(အချောင်ဖြတ်လမ်းနည်းလမ်းလိုက် ချင်၇်ျ် မိမိ ချစ်သူကိုရှေ့မှာတောင် ထိုအကြောင်းများမေ့ ပြီးထုတ်ဖော်ပြောမိခြင်း)။

(၂၁)မိမိချစ်သူ ထက်ရုပ်ရည်ပိုသာ သောသူများကိုသဘောကျစွဲလမ်းခြင်း။
 
(၂၂)မိမိချစ်သူ ကိုအမြဲအထင်သေးနေခြင်း။

(၂၃)မိမိချစ်သူ တွင်လတ်တလောအလုပ်မရှိသောကြောင့် ငြိုငြင်ပြီး အမြဲပြသနာရှာနေခြင်း။

(၂၄)လူမျိုးကွဲနိုင်ငံခြားသား၊သူ များကို အထင်ကြီးခြင်း။(နောက်ဆုံတွင် ဘ၀ပျက်သွားနိုင်သည်ကိုထိုသူများနားမည်ကြခြင်း)။

(၂၅)ငွေမက်ပြီး ချစ်သူရှိ ၊ အိမ်ထောင်ရှိလျှက်နှင့် မိမိအလုပ်မှ အရာရှိ၊ရာထူးကြီးသူများကိုအထင်ကြီး၇်ျဖောက်ပြန်ခြင်း
***အထက်အချက်များထဲမှာ မိမိနှင့်တိုက်ဆိုင်နေသောအချက်များပါလျှင်ချက်ခြင်းပြုပြင်လိုက်ပါ။အချိန်မနှောင်းခင်ပြုပြင်ကြပါ။
ထိုအချက်များကို အကျဉ်းချုပ်ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ အာလုံးသော ချစ်တတ်သော နှလုံးသားရှိသူများ ချစ်သောသူနှင့်
                                                                        ထာဝရပျော်ရွှင်စွာလက်တွဲနိုင်ကြပါစေ…………………. ။